-
ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာဖြင့် ယဉ်ကျေးမှုဓလေ့ကို ထိန်းသိမ်းပွဲကျင်းပ လှိုင်းဘွဲ ၊ စက်တင်ဘာ ၁၁ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ အင်းနို့သိပ္ပံကျေးရွာအုပ်စု၊ ရွှေကျွန်းတော ဓမ္မညီနောင်ဆုတောင်းပြည့်ကျောင်းတိုက်၌ (၂၀)ကြိမ်မြောက် ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ၁၃၈၈ ခုနှစ်၊ ဝါခေါင်လကွယ်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ အခမ်းအနားတွင် ရှေးဘိုးဘွားစဉ်ဆက် ထိန်းသိမ်းခဲ့သည့် ကရင်ရိုးရာ ဓလေ့ထုံးတမ်းများနှင့်အညီ ဘိုးဘွားမိဘများက ရိုသေလေးစားစွာဖြင့် လက်ကောက်ဝတ်တွင် ချည်ဖြူဖွဲ့ပေးခြင်း၊ ဆုတောင်းမေတ္တာပို့သခြင်းများနှင့် တေးဂီတများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ အဆိုပါ ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ ပွဲတော်၏ ကြည်နူးဖွယ်ရာ ရိုးရာယဉ်ကျေးမှုဆိုင်ရာ အမှတ်တရ ဓာတ်ပုံများမှာ အောက်ပါအတိုင်း ဖြစ်သည်။
-
မြိုင်ကြီးငူ-မယ်သဝေါ လမ်းဘေးဝဲ/ယာ ချဲ့ထွင်၍ ကွန်ကရစ်လောင်းခြင်း လုပ်အားဒါနပြု ၂၀၂၆၊ စက်တင်ဘာ ၁၀ မြိုင်ကြီးငူအထူးဒေသ၊ စုံနံ့သာမြိုင်ဆွေမြို့တော်ရှိ မြိုင်ကြီးငူ-မယ်သဝေါ ပြည်လင်းအေးမြိုင် ကားလမ်းမပေါ်၊ မကြီး ကျုံထော်ရေတံခွန်အနီးတွင် လမ်းဘေးဝဲ/ယာ ချဲ့ထွင်ခြင်း၊ ကျောက်စီခြင်းနှင့် ကွန်ကရစ်လောင်းခြင်း လုပ်ငန်းများကို ယနေ့ (သာသနာသက္ကရာဇ် ၂၅၇၀ ပြည့်နှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၃ ရက်) ကြာသပတေးနေ့၊ နံနက် ၇:၃၀ နာရီအချိန်က စတင်ဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါ လမ်းပြင်ဆင်မှု လုပ်ငန်းများကို ကျေးဇူးတော်ရှင် ဒုတိယမြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိက (သီရိပျံချီ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ၊ နိုင်ငံတကာဘာသာရေးထူးချွန်ဆုရမထေရ်မြတ်)၊ မြိုင်ကြီးငူတိုက်အုပ်ဆရာတော် ဘဒ္ဒန္တကုသလ တို့၏ ဦးဆောင်မှုဖြင့် မြိုင်ကြီးငူ ပြည်တော်ဝင်မိသားစု တပည့်ဒါယကာ၊ ဒါယိကာမများက အတူတကွ လုပ်အားဒါနပြု၍…
-
လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကျေးဇူးတော်ရှင် ဓမ္မညီနောင်ဆရာတော်ဘုရားကြီး အလှူခံကြွရောက် စက်တင်ဘာ ၉၊ ၂၀၂၆ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ခုဘိုင်းကျေးရွာ၊ နောင်တိုင်ကျေးရွာနှင့် မဲဆမိတ်ကျေးရွာတို့သို့ ကျေးဇူးတော်ရှင် ဓမ္မညီနောင်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဉာဏိကသည် တတိယမြောက်နေ့အဖြစ် ကြွရောက်၍ ဆွမ်းခံကြွတော်မူခဲ့ကြောင်း သိရသည်။ အဆိုပါ ဆွမ်းခံကြွရောက်စဉ် ရိုက်ကူးထားသည့် မှတ်တမ်းဓာတ်ပုံများကို မျှဝေထားပြီး၊ ဆရာတော်ဘုရား၏ ဒကာ၊ ဒကာမအပေါင်းမှလည်း ပြုလုပ်မျှဝေသည့် ကုသိုလ်ကောင်းမှုအစုစုတို့အတွက် “အမျှ အမျှ အမျှ” ဟု သာဓုခေါ်ဆိုကာ ကုသိုလ်အမျှ ပေးဝေထားပါသည်။
-
စက်တင်ဘာ ၉ ရက်၊ ၂၀၂၆ ၂၀၂၆-၂၀၂၇ တက္ကသိုလ်ပညာသင်နှစ်တွင် ဆက်လက်ပညာသင်ယူနိုင်ရေးအတွက် ကရင်လူငယ် (၂) ဦးအား ကရင်အမျိုးသားတပ်မတော်-KNA စစ်ဒေသ (၂) စစ်ဒေသမှူး ဗိုလ်မှူးချုပ် စောတင်ဝင်း မိသားစုက ဘတ်ငွေ တစ်သိန်း (၁၀၀,၀၀၀) ထောက်ပံ့ကူညီပေးခဲ့ကြောင်း သိရသည်။ ထိုသို့ ပညာသင်ယူနိုင်ရေးအတွက် ငွေကြေးထောက်ပံ့ပေးခဲ့သည့် စစ်ဒေသ (၂) စစ်ဒေသမှူး မိသားစု၏ ကူညီပံ့ပိုးပေးမှုအပေါ် ထောက်ပံ့ကြေးရရှိသည့် ကရင်လူငယ် (၂) ဦးက အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
-
ဘားအံမြို့နယ် နောင်ကမြိုင်ကျေးရွာတွင် ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနား ကျင်းပ ဘားအံ၊ စက်တင်ဘာ ၆ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာရှိ သစ္စာအဓိပတိဘုရားပရဝုဏ် သစ္စာဓိပတိကျောင်းတော်၌ သာသနာသက္ကရာဇ် ၂၅၆၇ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၈) ရက် (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်) စနေနေ့ နံနက် ၉ နာရီ ၁၀ မိနစ်အချိန်တွင် ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ မင်္ဂလာအခမ်းအနားသို့ နိုင်ငံတကာဘာသာရေးထူးချွန်ဆုရ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ၊ သီရိပျံချီ ကျေးဇူးတော်ရှင် ဒုတိယမြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိက မထေရ်မြတ်ကြီး ကိုယ်တော်တိုင် ကြွရောက်ချီးမြှင့်ပြီး ကရင်ရိုးရာဓလေ့ထုံးတမ်းစဉ်လာများနှင့်အညီ အခမ်းအနားကို စတင်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက်…
-
စက်တင်ဘာ ၃ ၊ ၂၀၂၆ ကရင်ယဉ်ကျေးမှုအနုပညာအစည်းအရုံး (KCO) ရုံး၌ ယနေ့ (စက်တင်ဘာ ၃ ရက်) တွင် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါတွေ့ဆွေးနွေးပွဲတွင် အောက်ပါအချက် (၃) ချက်ကို အဓိကထား ဆွေးနွေးခဲ့ကြသည် – ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပရေး – ကရင်ယဉ်ကျေးမှုအနုပညာအစည်းအရုံး (KCO) မှ ဦးစီးကျင်းပမည့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရန်များ။ ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ ပြန်လည်သုံးသပ်ရေး – ကရင်သက္ကရာဇ် ၂၇၆၅ ခုနှစ် ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားအသီးသီးသို့ တက်ရောက်ခဲ့ကြသူများ၏ အတွေ့အကြုံများနှင့် သုံးသပ်ချက်များကို ပြန်လည်ဆွေးနွေးဖလှယ်ခြင်း။ ကရင်ပြည်နယ် သဘင်အစည်းအရုံးနှင့် ပူးပေါင်းဆောင်ရွက်ရေး – ကရင်ပြည်နယ် သဘင်အစည်းအရုံးတွင် ကျင်းပပြုလုပ်မည့်…
-
ရွှေကုက္ကိုမြိုင်၊ စက်တင်ဘာ ၂ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြိုင်၊ အမှတ် (၂) ရပ်ကွက်ရှိ ရွှေပြည်အေးကျောင်းတိုက်တွင် သံဃာတော်များနှင့် စာသင်သား သာမဏေများ အေးချမ်းစွာ ပရိယတ္တိစာပေ သင်ယူလေ့လာနိုင်ရေးအတွက် နှစ်ထပ် ပရိယတ္တိစာသင်တိုက် သစ်တစ်ဆောင်ကို ဆောက်လုပ်လျက်ရှိရာ ကျောင်းဆောင်ကြီး ပြီးစီးပြည့်စုံစေရန်အတွက် သာသနာနုဂ္ဂဟ စေတနာရှင်များအနေဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။ လက်ရှိတွင် အဆိုပါ စာသင်တိုက်ကြီးအတွက် အောက်ပါအစိတ်အပိုင်းများကို အထူးလိုအပ်လျက်ရှိပြီး မိမိတို့ သဒ္ဓါတရား ထက်သန်သမျှ သီးသန့်ဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ မတည်လှူဒါန်းနိုင်ကြသည်။ အပေါ်ထပ် / အောက်ထပ် မျက်နှာကျက် တံခါးမကြီးများ ပြတင်းပေါက်များ နံရံဆေးလှိုင်း မီးလှိုင်း သံဃာသုံး ကုဋိ (အိမ်သာ) ဗုဒ္ဓသာသနာတော် ရှည်ကြာတည်တံ့ရေးအတွက် အဓိကကျသော ပရိယတ္တိစာသင်တိုက် ဆောက်လုပ်လှူဒါန်းလိုပါက ရွှေကုက္ကိုမြိုင်၊ အမှတ်…
-
KNA အမှတ် (၂) စစ်ဒေသ သင်တန်းကျောင်းအုပ်ကြီး ဗိုလ်မှူးစောအောင်မောင်း ကွယ်လွန် စက်တင်ဘာ ၁၊ ၂၀၂၆ ဗိုလ်မှူးချုပ် စောတင်ဝင်း ဦးဆောင်သော ကရင်အမျိုးသားတပ်မတော် (KNA) အမှတ် (၂) စစ်ဒေသ၊ သင်တန်းကျောင်းအုပ်ကြီး ဖြစ်သူ ဗိုလ်မှူးစောအောင်မောင်းသည် ပြီးခဲ့သည့် သြဂုတ်လ (၂၈) ရက် (သောကြာနေ့) က (၉၆) ပါးရောဂါဖြင့် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။ ကွယ်လွန်ချိန်တွင် သင်တန်းကျောင်းအုပ်ကြီး ဗိုလ်မှူးစောအောင်မောင်းသည် အသက် (၇၉) နှစ် ရှိပြီဖြစ်သည်။
-
“မြိုင်ကြီးငူဆရာတော်ဘုရား၏ ဘဝအချိုးအကွေ့များ – ယွန်းစလင်းအမြုတေ” မြိုင်နန်းဆွေ “သြော်… ဖခင်ကို နောက်ဆုံးမြင်ခြင်းဖြင့်သော်မှ ကြည့်ခွင့်မရှိတော့ပါလား” (ဦးသုဇန) ထွေပြားသော အတွေးအစ၊ ညှိုးလျသော သွင်ဟန်၊ ပူပန်သော အနေအထားဖြင့် အိမ်ပေါ်လှမ်းတက်လိုက်သည်။ ဦးသုဇနအား မြင်လိုက်ရသည်ဆိုလျှင်ပင် ဒေါ်မယ်သင်သည် အောင့်အည်းထားသမျှ အန်ထွက်လာတော့သည်။ “အမလေး… သား မောင်ပဉ္စင်းရဲ့၊ အဖြစ်က ဆိုးလှချည်းလား။ ကိုဖိုးသုန်ရေ… ထကြည့်ပါဦးတော့လား။ ဒီမှာ ရှင့်သား ရဟန်းတော်ကြီး ရောက်နေပြီလေ ကိုဖိုးသုန်ရဲ့…။ ဟိုတစ်ခါတုန်းက အဖေပင်ပန်းတာကို မကြည့်ရက်လို့ ကယ်မတဲ့အနေနဲ့ ရောက်ခဲ့တယ်။ အခုလည်း သားရဲ့အဖေကို ကယ်ပေးပါဦးလား မောင်ပဉ္စင်းရဲ့။ ပြောပါဦး၊ ဘာစကားမှ မပြောတော့ဘူးလား၊ မပြောတတ်တော့ဘူးလား” ငိုချင်ရက် လက်တို့ဖြစ်လာသည်။ နဂိုကမှ စိတ်မခိုင်ချင်လှသည့်အထဲ ဆို့သံ၊ ငိုသံကြားရသဖြင့် ရင်ထဲတင်းကျပ်စွာ ခံစားလိုက်ရသည်။…









