• ကရင်လူငယ်များအနေနဲ့ AI ခေတ်မှာ မိမိကိုယ်မိမိ အဆင့်မြှင့်တင်ဖို့ ဗိုလ်မှူးချုပ် စောတင်ဝင်းတိုက်တွန်း

    ကရင်လူငယ်များအနေနဲ့ AI ခေတ်မှာ မိမိကိုယ်မိမိ အဆင့်မြှင့်တင်ဖို့ ဗိုလ်မှူးချုပ် စောတင်ဝင်းတိုက်တွန်း ၂၀၂၆ခုနှစ်၊ ဩဂုတ် ၂၈ ကရင်လူငယ်များအနေနဲ့ AI ခေတ်မှာ မိမိကိုယ်မိမိ အဆင့်မြှင့်တင်ဖို့ ကရင်အမျိုးသားတပ်မတော် (KNA) စစ်ဒေသ (၂) စစ်ဒေသမှူး ဗိုလ်မှူးချုပ် စောတင်ဝင်းတိုက်တွန်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂၆ ဩဂုတ်က မြဝတီမြို့နယ်၊ သစ်ကတေ့ ကျေးရွာမှာ ကျင်းပတဲ့ ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲ အမိန့်မိန့်ခွန်းမှာ စစ်ဒေသ ၂ မှူး က ပြောကြားလိုက်တာဖြစ်ပါတယ်    

  • သစ်ကတေ့ စံပြကျေးရွာတွင် ကရင်အမျိုးသားတပ်မတော် (KNA) စစ်ဒေသ (၂) စစ်ဒေသမှူး ဦးဆောင်ကျင်းပသည့် ကရင်ရိုးရာ ခြည်ဖြူဖွဲ့မင်္ဂလာ ညပိုင်းအစီအစဉ်ပုံရိပ်အချို့

    ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ သစ်ကတေ့ စံပြကျေးရွာတွင် ကရင်အမျိုးသားတပ်မတော် (KNA) စစ်ဒေသ (၂) စစ်ဒေသမှူး ဦးဆောင်ကျင်းပသည့် ကရင်ရိုးရာ ခြည်ဖြူဖွဲ့မင်္ဂလာ ညပိုင်းအစီအစဉ်ပုံရိပ်အချို့

  • ကရင်ရိုးရာ ဆင်ရတနာ လက်ချည်ပွဲ မင်္ဂလာအခမ်းအနား

    ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ သစ်ကတေ့ စံပြကျေးရွာတွင် ယနေ့ (ဩဂုတ်လ ၂၆ ရက်) ၌ ကရင်အမျိုးသားတပ်မတော် (KNA) စစ်ဒေသ (၂) စစ်ဒေသမှူး ဦးဆောင်သော ကရင်ရိုးရာ ဆင်ရတနာ လက်ချည်ပွဲ မင်္ဂလာအခမ်းအနား

  • ဩဂုတ် ၂၆၊ ၂၀၂၆ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ သစ်ကတေ့ စံပြကျေးရွာတွင် ယနေ့ (ဩဂုတ်လ ၂၆ ရက်) ၌ ကရင်အမျိုးသားတပ်မတော် (KNA) စစ်ဒေသ (၂) စစ်ဒေသမှူး ဦးဆောင်သော ဆင်ရတနာ လက်ချည်ပွဲ မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ စစ်ဒေသ (၂) စစ်ဒေသမှူး ဗိုလ်မှူးစောတင်ဝင်း ကိုယ်တိုင် တက်ရောက်ခဲ့ပြီး ဆင်ရတနာ စုစုပေါင်း (၁၅) ကောင်ကို မင်္ဂလာလက်ချည် ကြိုးချည်နှောင်ပေးခဲ့သည်။

  • ကြာအင်းဆိပ်ကြီးတွင် ထွီးမောင်ထိုကျေးရွာ နှစ်(၅၀)ပြည့် ရွှေရတုနှင့် ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာပွဲ ကျင်းပ၊ KCO တာဝန်ရှိသူများ တက်ရောက်

    ကြာအင်းဆိပ်ကြီးတွင် ထွီးမောင်ထိုကျေးရွာ နှစ်(၅၀)ပြည့် ရွှေရတုနှင့် ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာပွဲ ကျင်းပ၊ KCO တာဝန်ရှိသူများ တက်ရောက် ၂၀၂၆ ခုနှစ်၊ သြဂုတ် ၂၈ ရက်။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထွီးမောင်ထိုကျေးရွာ၏ နှစ် (၅၀) ပြည့် ရွှေရတုသဘင် အထိမ်းအမှတ်အဖြစ် ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကို သြဂုတ်လ ၂၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ ကရင်ယဉ်ကျေးမှုအနုပညာ အစည်းအရုံး (KCO) မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အဆိုပါ ရွှေရတုသဘင်နှင့် ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားတွင် ကရင်တိုင်းရင်းသားတို့၏ ရှေးရိုးရာ အစဉ်အလာအတိုင်း လက်ချည်ဖြူဖွဲ့ခြင်း၊ ယဉ်ကျေးမှုဆိုင်ရာ အနုပညာဖျော်ဖြေတင်ဆက်ခြင်းများနှင့် ကျေးရွာ၏ နှစ် (၅၀) ပြည့် ခရီးစဉ် သမိုင်းမှတ်တိုင်များကို ဂုဏ်ပြုသည့် အစီအစဉ်များ…

  • ကရင်ရိုးရာ ခြည်ဖြူဖွဲ့မင်္ဂလာ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲတွင် KNA စစ်ဒေသ (၂) ဒရုန်းတပ်ဖွဲ့ ပထမဆု ရရှိ

    သစ်ကတေ့၊ ဩဂုတ် ၂၆ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ သစ်ကတေ့ စံပြကျေးရွာတွင် ကရင်အမျိုးသားတပ်မတော် (KNA) စစ်ဒေသ (၂) စစ်ဒေသမှူး ဦးဆောင်ကျင်းပသည့် ကရင်ရိုးရာ ခြည်ဖြူဖွဲ့မင်္ဂလာ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ၌ KNA စစ်ဒေသ (၂) ဒရုန်းတပ်ဖွဲ့ အသင်းက ပထမဆု ဗိုလ်စွဲသွားကြောင်း သိရသည်။ အဆိုပါ ဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင် ဘောလုံးအသင်း စုစုပေါင်း ၂၆ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြအပြီး ဗိုလ်လုပွဲစဉ်ကို ဩဂုတ်လ ၂၅ ရက်နေ့တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ဆုံးဗိုလ်လုပွဲ၌ KNA စစ်ဒေသ (၂) ဒရုန်းတပ်ဖွဲ့ အသင်းက ပြိုင်ဘက်ကို အပြီးသတ် အနိုင်ရရှိကာ ပထမဆုဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိသွားခဲ့ခြင်း ဖြစ်သည်။

  • (၃၅) ကြိမ်မြောက် သာမည ပြုံးပြုံးရွှင်ရွှင်တောင် ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော် ကျင်းပမည်

    ဩဂုတ် ၂၅၊ ၂၀၂၆ (သာမည) ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ သာမည ပြုံးပြုံးရွှင်ရွှင်တောင်တွင် နှစ်စဉ်ရိုးရာမပျက် ကျင်းပမြဲဖြစ်သည့် (၃၅) ကြိမ်မြောက် ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ ပွဲတော်အခမ်းအနားကို သတ်မှတ်ထားသည့် ရက်များအတိုင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ပွဲတော်ကာလအတွင်း အောက်ပါ အစီအစဉ်များ ပါဝင်မည်ဖြစ်သည် – * ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနား * ကရင်နာမည်ကြီး အဆိုတော်များ၏ တေးဂီတ ဖျော်ဖြေရေး * ယှူးထွါဆိုဒ် ဇာတ်သဘင် ဖျော်ဖြေတင်ဆက်မှု * အခြား စိတ်ဝင်စားဖွယ် ကရင့်ရိုးရာ အဆိုအက ဖျော်ဖြေမှုများ ပွဲစီစဉ်သူများက သာမည ပြုံးပြုံးရွှင်ရွှင်တောင်၌ ကျင်းပမည့် အဆိုပါ ရိုးရာပွဲတော်သို့ ရပ်ဝေးရပ်နီးမှ မိတ်ဆွေများ၊ မိဘပြည်သူများအားလုံး ချစ်ခင်ရင်းနှီးစွာဖြင့် လာရောက်ပါဝင် ဆင်နွှဲကြပါရန်…

  • လှိုင်းဘွဲမြို့နယ် ကွမ်ဘီကျေးရွာ၌ (၂၉) ကြိမ်မြောက် ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲကျင်းပနိုင်ရေး အစည်းအဝေးပြုလုပ်

    လှိုင်းဘွဲမြို့နယ် ကွမ်ဘီကျေးရွာ၌ (၂၉) ကြိမ်မြောက် ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲကျင်းပနိုင်ရေး အစည်းအဝေးပြုလုပ် ၂၀၂၆ ၊ ဩဂုတ် ၂၅၊ (လှိုင်းဘွဲ) ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကွမ်ဘီစံပြကျေးရွာ၌ ကျင်းပပြုလုပ်မည့် (၂၉) ကြိမ်မြောက် ကရင့်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ အထိမ်းအမှတ် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖြစ်မြောက်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတစ်ရပ်ကို ယနေ့ (ဩဂုတ် ၂၅ ရက်) တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲကြီးကို မနက်ဖြန် (ဩဂုတ် ၂၆ ရက်) မှစတင်၍ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပွဲတော်နှင့် ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်လှူဒါန်းထားကြသည့် အလှူရှင်များ၏ အမည်စာရင်းကိုလည်း မနက်ဖြန်တွင် ဆက်လက်ထုတ်ပြန် ကြေညာပေးသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး…

  • မြဝတီ၌ (၂၅) ကြိမ်မြောက် ကရင်ရိုးရာ ချည်ဖြူဖွဲ့ပွဲတော်အတွက် အနုပညာအဖွဲ့များ ကြိုတင်ပြင်ဆင် လေ့ကျင့်လျက်ရှိ

    ဩဂုတ် ၂၆၊ ၂၀၂၆ (မြဝတီ) (၂၅) ကြိမ်မြောက် မြဝတီမြို့ ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ ပွဲတော်တွင် ပါဝင်ဆင်နွှဲနိုင်ရန်အတွက် မြဝတီမြို့မှ အမာခံ ကရင်စာပေနှင့် ယဉ်ကျေးမှု မိသားစုဝင်များက တေးသီချင်းများနှင့် ရိုးရာအကများကို အင်တိုက်အားတိုက် ကြိုတင်ပြင်ဆင် လေ့ကျင့်လျက်ရှိကြောင်း သိရသည်။ ပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် တေးသံရှင်များနှင့် အကအဖွဲ့များက အနုပညာတင်ဆက်မှု ပိုင်းဆိုင်ရာများကို နေ့စဉ်ဇောက်ချ လေ့ကျင့်ဆောင်ရွက်နေကြခြင်းဖြစ်သည်။

  • ဘန်ကောက်တွင် ကျင်းပသည့် ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲသို့ KCO အတွင်းရေးမှူး တက်ရောက်

    ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက် (ဘန်ကောက်) ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် OKRSO မှ ဦးစီးကျင်းပပြုလုပ်သည့် ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲသို့ ကရင်ယဉ်ကျေးမှုအနုပညာအစည်းအရုံး (KCO) အတွင်းရေးမှူး ယှးဖါန် သည် KCO ကိုယ်စားပြု၍ တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ယဉ်ကျေးမှုအခမ်းအနားသို့ တက်ရောက်အားပေး ပူးပေါင်းပါဝင်ခဲ့မှုနှင့် ပတ်သက်၍ KCO အတွင်းရေးမှူး ယှးဖါန် က KCO အဖွဲ့အစည်းကို ကိုယ်စားပြုကာ တက်ရောက်ခွင့်ရရှိခဲ့သည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိကြောင်း ပြောကြားခဲ့သည်။ Photo: KCO