-
လှိုင်းဘွဲ၊ ကွမ်ဘီကျေးရွာ (၂၉) ကြိမ်မြောက် ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ စတင်ဖွင့်လှစ် ဩဂုတ် ၂၅၊ ၂၀၂၆ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကွမ်ဘီစံပြကျေးရွာတွင် ကျင်းပသည့် (၂၉) ကြိမ်မြောက် ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ (လာခုဂ်ခါင်စူး) အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲကို ယနေ့တွင် အောင်မြင်စွာ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ အဆိုပါ ဘောလုံးပြိုင်ပွဲ ဖြစ်မြောက်ရေးအတွက် အလှူရှင်အသီးသီးက အောက်ပါအတိုင်း ပါဝင်လှူဒါန်းထားကြသည် – စစ်ရေးချုပ် ဗိုလ်မှူးချုပ် စောကြာအင်း – ၂၀ သိန်း (၉၉၉) ဗျူဟာ ဒုဗျူဟာမှူး ဒုဗိုလ်မှူးကြီး – ၃၀ သိန်း တပ်ရင်း (၁၁) ဒုဗိုလ်မှူးကြီး စောအောင်မြလေး နှင့် တပ်ရင်း (၁၅) ဒုဗိုလ်မှူးကြီး မန်းစောလင်း…
-
တေးသီချင်းဆိုပြိုင်ပွဲဝင်များ သီချင်းတိုက်ခြင်းနှင့် မဲနှိုက်ပွဲ အစီအစဉ် ပြုလုပ်မည် ၂၀၂၆ ၊ ဩဂုတ်၂၄ တေးသီချင်းဆိုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အဆိုရှင်များ၊ အဖွဲ့လိုက်နှင့် စုံတွဲပြိုင်ပွဲဝင်များ၊ တစ်ကိုယ်တော် ပြိုင်ပွဲဝင်များအားလုံး သီချင်းတိုက်ခြင်း (Rehearsal) နှင့် မဲနှိုက်ခြင်း အစီအစဉ်များကို လာမည့် ဩဂုတ်လ (၂၅) ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အစီအစဉ်အသေးစိတ် * နေ့ရက် – ၂၅ – ၈ – ၂၀၂၆ (အင်္ဂါနေ့) * အချိန် – နံနက် (၁၀:၀၀) နာရီတိတိ * နေရာ – ဘိုးဘွားရိပ်သာခန်းမ * ပြုလုပ်မည့် အစီအစဉ် -သီချင်းတိုက်ခြင်းနှင့် ပြိုင်ပွဲဝင်…
-
မြိုင်ကြီးငူအထူးဒေသ၌ ဘေသဇ္ဇမုနိ ဘုရားကြီးသွား ကားလမ်းနှင့် ရေနုတ်မြောင်းများ ပြုပြင်တည်ဆောက် မြိုင်ကြီးငူ၊ အဩဂုတ် ၂၄ မြိုင်ကြီးငူအထူးဒေသ၊ စုံနံ့သာမြိုင်ဆွေမြို့တော်ရှိ ဘေသဇ္ဇမုနိ ကြေးသွန်းဘုရားကြီးသို့ သွားရောက်သည့် ကားလမ်းအား ကွန်ကရစ်ခင်းခြင်းနှင့် လမ်းဘေး ဝဲ/ယာ ရေစီးမြောင်းများ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများကို အဩဂုတ်လ ၂၃ ရက် (ကောဇာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက်) နံနက် ၇ နာရီခွဲအချိန်မှစ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ လမ်းနှင့် ရေနုတ်မြောင်း ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများကို ဒုတိယမြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိက (သီရိပျံချီ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ)၊ မြိုင်ကြီးငူတိုက်အုပ်ဆရာတော် ဘဒ္ဒန္တကုသလတို့၏ ဦးဆောင်မှုဖြင့် မြိုင်ကြီးငူ ပြည်တော်ဝင်မိသားစု တပည့်ဒါယကာ၊ ဒါယိကာမများက စုပေါင်း၍ လုပ်အားဒါနပြု…
-
မြဝတီ၊ ဩဂုတ် ၂၁ ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ထာဝရ ကရင်အမျိုးသားနှစ်သစ်ကူးကွင်း၌ ကျင်းပသည့် (၂၅)ကြိမ်မြောက် ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲတော် အထိမ်းအမှတ်အဖြစ် ကွင်းဘေးပတ်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထို့အပြင် အဆိုပါ အခမ်းအနားနှင့်အတူ ကွင်းအတွင်းနှင့် ကွင်းပတ်ဝန်းကျင်၌ရှိကြသော မြင်အပ်၊ မမြင်အပ်သော ပုဂ္ဂိုလ်သတ္တဝါများနှင့် မကျွတ်မလွတ်သေးသူများအား ရည်စူး၍ ကောင်းမှုကုသိုလ်ပြု တရားနာယူခြင်း၊ ရေစက်သွန်ချ အမျှဝေခြင်းများကိုပါ တစ်ပါတည်း ကျင်းပပြုလုပ်ခဲ့ကြသည်။
-
ကရင်အမျိုးသာားကာကွယ်ရေးတပ်မတော်-KNA ရဲများ စစ်ရေးပြလှုပ်ရှားမှုများ ပုံရိပ်များ
-
ကရင်အမျိုးသားတပ်မတော်-KNA ဗိုလ်ချုပ် စောမောင်ဝင်း
-
မြိုင်ကြီးငူ ဘေသဇ္ဇမုနိ ကြေးသွန်းဘုရားကြီး ကားလမ်းနှင့် ရေစီးမြောင်း ပြုပြင်တည်ဆောက် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက် သာသနာသက္ကရာဇ် ၂၅၇၀ ပြည့်နှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဝါခေါင်လဆန်း (၄) ရက် (၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်) တနင်္ဂနွေနေ့ နံနက် ၇ နာရီခွဲအချိန်တွင် မြိုင်ကြီးငူအထူးဒေသ၊ စုံနံ့သာမြိုင်ဆွေမြို့တော်ရှိ ဘေသဇ္ဇမုနိ ကြေးသွန်းဘုရားကြီးသွား ကားလမ်းအား ကွန်ကရစ်ခင်းခြင်းနှင့် လမ်းဘေး ဝဲ/ယာ ရေစီးမြောင်းများ ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ လမ်းနှင့် ရေမြောင်း ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများကို ကျေးဇူးတော်ရှင် ဒုတိယမြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိက (သီရိပျံချီ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ၊ နိုင်ငံတကာဘာသာရေးထူးချွန်ဆုရမထေရ်မြတ်) နှင့် မြိုင်ကြီးငူတိုက်အုပ်ဆရာတော်…
-
ဩဂုတ် ၁၈၊ ၂၀၂၆ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြိုင်ရှိ ကရင်ဆေးကောလိပ်၏ (၂၀၂၄-၂၀၂၆) ပထမကြိမ် သားဖွားဒီပလိုမာ (၂) နှစ်သင်တန်း ဘွဲ့နှင်းသဘင်အခမ်းအနားကို ဩဂုတ်လ ၁၇ ရက်နေ့က ရွှေကုက္ကိုမြိုင် ဘိုးဘွားရိပ်သာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းကို ကြိုးစားအားထုတ်စွာ တက်ရောက်ပြီး အောင်မြင်ခဲ့သည့် သားဖွားဒီပလိုမာဘွဲ့ရ ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ခဲ့သည်။ ယခု ဘွဲ့ရရှိသွားသည့် သားဖွားဒီပလိုမာ သင်တန်းသူများသည် မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍများတွင် ပြည်သူများကို ထိရောက်စွာ ကူညီစောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
-
ဒေါက်တာဌေးဌေးစိုး၏ လွယ်အိတ်အလှူတော်မင်္ဂလာ တောင်ကလေး၊ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက် ၁၃၈၈ ခုနှစ်၊ ဒုတိယဝါဆိုလကွယ်နေ့ (၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်) တွင် ဘားအံမြို့နေ ဒေါက်တာဌေးဌေးစိုးက တောင်လေးပရိယတ္တိ/ပဋိပတ္တိစာသင်တိုက် သာသနာ့အေးရိပ်သာကျောင်းတိုက်၌ လောကီ၊ လောကုတ္တရာ ပညာရပ်များကို ကြိုးစားအားထုတ် သင်ယူလျက်ရှိကြသော သံဃာတော်များ၊ ကိုရင်များနှင့် သီလရှင်များအား လွယ်အိတ်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ လှူဒါန်းမှုတွင် သာသနာ့အေးရိပ်သာ ကျောင်းတိုက်အတွင်း ပညာသင်ကြားလျက်ရှိသည့် ကျောင်းနေသံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် ဆရာလေးကြီးများ စုစုပေါင်း (၃၂၀) ပါးတို့အား တစ်ပါးလျှင် လွယ်အိတ်တစ်လုံးစီ သဒ္ဓါထက်သန်စွာဖြင့် လှူဒါန်းပူဇော်ခဲ့ခြင်းဖြစ်သည်။ လှူဒါန်းသူ ဒေါက်တာဌေးဌေးစိုးနှင့်တကွ အလှူရှင်မိသားစုဝင်များအနေဖြင့် ဤပြုလုပ်အပ်သော မြတ်ဒါနကောင်းမှုစုတို့ကြောင့် ဘဝဆက်တိုင်းလိုရာဆုထူးများနှင့် ပြည့်စုံပြီး…
-
မြိုင်ကြီးငူအထူးဒေသ၌ လမ်းတံတားနှင့် ရေစီးမြောင်း ပြုပြင်ရန် ကွန်ကရစ်လောင်းခြင်းနှင့် မြေတူးဖော်ခြင်း လုပ်အားဒါနပြု ၂၀၂၆ ၊ ဩဂုတ် ၁၄ (မြိုင်ကြီးငူ) မြိုင်ကြီးငူအထူးဒေသ၊ စုံနံ့သာမြိုင်ဆွေမြို့တော်ရှိ ကရင်ဘာသာပြန် ပိဋကတ်ကျောက်စာတော်တိုက်နှင့် ပရဝုဏ်အတွင်းရှိ လမ်း၊ တံတားများ၊ လမ်းဘေးဝဲ/ယာ ရေစီးမြောင်းများ ပြုပြင်တည်ဆောက်ရေးအတွက် လိုအပ်သော ကျောက်များကို စုစည်း၍ လမ်းပြုပြင်ခြင်းလုပ်ငန်းများကို ဩဂုတ်လ ၁၄ ရက် (ကောဇာသက္ကရာဇ် ၁၃၈ နာရီတွင် စတင်ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ လုပ်အားဒါနပြုလုပ်ငန်းခွင်သို့ ဒုတိယမြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိက (သီရိပျံချီ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ)၊ မြိုင်ကြီးငူတိုက်အုပ်ဆရာတော် ဘဒ္ဒန္တကုသလတို့နှင့်အတူ မြိုင်ကြီးငူ ပြည်တော်ဝင်မိသားစု တပည့်ဒါယကာ၊ ဒါယိကာမများ စက်နင်းပါဝင်ခဲ့ကြသည်။ အဆိုပါ လုပ်အားဒါနအဖွဲ့သည် မြိုင်ကြီးငူအထူးဒေသ၊ ဘေသဇ္ဇမုနိ ကြေးသွန်းဘုရားသို့ သွားသည့် ကားလမ်းအား ကွန်ကရစ်လောင်းခြင်းနှင့် မြေတူးဖော်ပြုပြင်ခြင်း…









