Category: ဆောင်းပါး


  • မြိုင်ကြီးငူဆရာတော်ဘုရား၏ ဘဝအချိုးအကွေ့များ- ယွန်းစလင်းအမြုတေ

    “မြိုင်ကြီးငူဆရာတော်ဘုရား၏ ဘဝအချိုးအကွေ့များ – ယွန်းစလင်းအမြုတေ” မြိုင်နန်းဆွေ “သြော်… ဖခင်ကို နောက်ဆုံးမြင်ခြင်းဖြင့်သော်မှ ကြည့်ခွင့်မရှိတော့ပါလား” (ဦးသုဇန) ထွေပြားသော အတွေးအစ၊ ညှိုးလျသော သွင်ဟန်၊ ပူပန်သော အနေအထားဖြင့် အိမ်ပေါ်လှမ်းတက်လိုက်သည်။ ဦးသုဇနအား မြင်လိုက်ရသည်ဆိုလျှင်ပင် ဒေါ်မယ်သင်သည် အောင့်အည်းထားသမျှ အန်ထွက်လာတော့သည်။ “အမလေး… သား မောင်ပဉ္စင်းရဲ့၊ အဖြစ်က ဆိုးလှချည်းလား။ ကိုဖိုးသုန်ရေ… ထကြည့်ပါဦးတော့လား။ ဒီမှာ ရှင့်သား ရဟန်းတော်ကြီး ရောက်နေပြီလေ ကိုဖိုးသုန်ရဲ့…။ ဟိုတစ်ခါတုန်းက အဖေပင်ပန်းတာကို မကြည့်ရက်လို့ ကယ်မတဲ့အနေနဲ့ ရောက်ခဲ့တယ်။ အခုလည်း သားရဲ့အဖေကို ကယ်ပေးပါဦးလား မောင်ပဉ္စင်းရဲ့။ ပြောပါဦး၊ ဘာစကားမှ မပြောတော့ဘူးလား၊ မပြောတတ်တော့ဘူးလား” ငိုချင်ရက် လက်တို့ဖြစ်လာသည်။ နဂိုကမှ စိတ်မခိုင်ချင်လှသည့်အထဲ ဆို့သံ၊ ငိုသံကြားရသဖြင့် ရင်ထဲတင်းကျပ်စွာ ခံစားလိုက်ရသည်။…