ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာဖြင့် ယဉ်ကျေးမှုဓလေ့ကို ထိန်းသိမ်းပွဲကျင်းပ

လှိုင်းဘွဲ ၊ စက်တင်ဘာ ၁၁

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ အင်းနို့သိပ္ပံကျေးရွာအုပ်စု၊ ရွှေကျွန်းတော ဓမ္မညီနောင်ဆုတောင်းပြည့်ကျောင်းတိုက်၌ (၂၀)ကြိမ်မြောက် ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ၁၃၈၈ ခုနှစ်၊ ဝါခေါင်လကွယ်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရှေးဘိုးဘွားစဉ်ဆက် ထိန်းသိမ်းခဲ့သည့် ကရင်ရိုးရာ ဓလေ့ထုံးတမ်းများနှင့်အညီ ဘိုးဘွားမိဘများက ရိုသေလေးစားစွာဖြင့် လက်ကောက်ဝတ်တွင် ချည်ဖြူဖွဲ့ပေးခြင်း၊ ဆုတောင်းမေတ္တာပို့သခြင်းများနှင့် တေးဂီတများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

အဆိုပါ ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ ပွဲတော်၏ ကြည်နူးဖွယ်ရာ ရိုးရာယဉ်ကျေးမှုဆိုင်ရာ အမှတ်တရ ဓာတ်ပုံများမှာ အောက်ပါအတိုင်း ဖြစ်သည်။

 


Leave a Reply

Your email address will not be published. Required fields are marked *