• [ဓာတ်ပုံသတင်း] ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ဗိုလ်ချုပ်စောချစ်သူနှင့် ဒေါ်နန်းခင်လှတို့မိသားစု ဆောက်လုပ်လှူဒါန်းသည့် ကျောင်းဆောင်သစ်များ ဖွင့်ပွဲအခမ်းအနား ကျင်းပ   

      (လှိုင်းဘွဲ၊ ဇူလိုင် ၁၄) ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကမော့လဲရွာ၌ ဗိုလ်ချုပ်စောချစ်သူနှင့် ဒေါ်နန်းခင်လှသူ မိသားစုတို့မှ အလှူဒါနပြု ဆောက်လုပ်လှူဒါန်းပေးခဲ့သော “ချစ်ထူးမြိုင်” အခြေခံပညာအလယ်တန်းကျောင်းနှင့် “ချစ်လင်းမြိုင်” မူကြိုကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်သည်တော်များ၊ ဒေသခံပြည်သူများနှင့် ကျောင်းသားမိဘများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိကြောင်း အလှူရှင်မိသားစုက မှတ်တမ်းတင် ဂုဏ်ပြုစကား ဆိုသည်။ ထို့ပြင် အနာဂတ်မျိုးဆက်သစ် လူငယ်မောင်မယ်များ ပညာသင်ကြားနိုင်ရေးအတွက် ယခုကဲ့သို့ အများအကျိုးဆောင်ရွက်ပေးခဲ့သည့် အလှူရှင်မိသားစု အပေါင်းတို့သည်လည်း ကောင်းကျိုးလိုရာဆန္ဒများ ပြည့်စုံကြပြီး ထာဝရ သက်ရှည်ကျန်းမာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။  

  • ရွှေကုက္ကိုလ်မြိုင် ရွှေပြည်အေးကျောင်းတိုက်၌ စာချ၊ စာသင်သံဃာတော်များအား နဝကမ္မနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း

    ရွှေကုက္ကိုလ်မြိုင် ရွှေပြည်အေးကျောင်းတိုက်၌ စာချ၊ စာသင်သံဃာတော်များအား နဝကမ္မနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း ရွှေကုက္ကိုလ်၊ ဇူလိုင် ၁၄ ရက် ၁၃၈၈ ခုနှစ်၊ ပထမဝါဆိုလဆုတ် (၁၄) ရက်၊ တနင်္လာနေ့တွင် ရွှေကုက္ကိုလ်မြိုင်ရှိ ရွှေပြည်အေးကျောင်း အခြေခံပရိယတ္တိစာသင်တိုက်၌ ပညာသင်ကြားနေကြသော ဆရာတော်၊ စာချနှင့် စာသင်သံဃာတော်များအား အလှူရှင် ဒေါ်ဥမ္မာနှင့် မိသားစုတို့က လာရောက်၍ လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ကုသိုလ်ကောင်းမှုအဖြစ် အလှူရှင်မိသားစုမှ သံဃာတော်များအား အချိုရည်နှင့် နဝကမ္မဝတ္ထုငွေများအား ရိုသေစွာ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယခုကဲ့သို့ လှူဒါန်းရသည့် ကုသိုလ်အကျိုးအားဖြင့် အလှူရှင်မိသားစုနှင့်တကွ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်းတို့ ဘေးရန်ကင်းကွာ၍ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာဖြင့် လိုရာဆန္ဒများ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

  • နာယကချုပ်ဆရာတော်ဘုရားကြီး အရှင်ပညာသာမိ (တောမှီရဟန်း) ၏ သက်တော် (၆၆) နှစ်ပြည့် မွေးနေ့မင်္ဂလာ အခါသမယတွင် ဆုမွန်ကောင်းတောင်းအပ်

    နာယကချုပ်ဆရာတော်ဘုရားကြီး အရှင်ပညာသာမိ (တောမှီရဟန်း) ၏ သက်တော် (၆၆) နှစ်ပြည့် မွေးနေ့မင်္ဂလာ အခါသမယတွင် ဆုမွန်ကောင်းတောင်းအပ် ဖားအံ၊ ဇူလိုင် ၁၄။ နာယကချုပ် ဆရာတော်ဘုရားကြီး အရှင်ပညာသာမိ (တောမှီရဟန်း) ၏ သက်တော် (၆၆) နှစ်ပြည့် ဝိဇာတမွေးနေ့ မင်္ဂလာအခါသမယတွင် (K.C.O) သတင်းနှင့်ပြန်ကြားရေးအဖွဲ့မှ ရိုသေလေးမြတ်စွာဖြင့် ဆုမွန်ကောင်းများ တောင်းအပ်ပါသည်။ ဆရာတော်ဘုရားကြီးအနေဖြင့် သက်တော် (၆၆) နှစ်ပြည့် မွေးနေ့မှသည် သက်တော်ရာကျော် ရှည်ကြာစွာ တည်တံ့ပါစေကြောင်းနှင့် သာသနာတော်အကျိုး၊ အမျိုးဘာသာအကျိုး၊ ပြည်နယ်နှင့် နိုင်ငံတော်အကျိုး၊ ထို့အတူ ပြည်သူလူထုတစ်ရပ်လုံး၏ အကျိုးစီးပွားများကို ကျန်းမာချမ်းသာစွာဖြင့် လွယ်ကူစွာ ဆက်လက်ဆောင်ရွက်တော်မူနိုင်ပါစေကြောင်း ရိုသေလေးမြတ်စွာဖြင့် ဂုဏ်ပြုဆုမွန်ကောင်း တောင်းအပ်ပါသည်။  

  • ထူးသစ္စာအောင် (HTA) WIFI အသုံးပြုသူ မိဘပြည်သူများသို့ အသိပေးခြင်း

    ထူးသစ္စာအောင် (HTA) WIFI အသုံးပြုသူ မိဘပြည်သူများခင်ဗျာ… ယနေ့တွင် ဆာဗာခန်း (Server Room) မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သောကြောင့် အင်တာနက်လိုင်းများ ယာယီပြတ်တောက်နေရပါသည်။ လက်ရှိတွင် ပြန်လည်ပြင်ဆင်မှုများ စတင်လုပ်ဆောင်နေပြီဖြစ်သော်လည်း ဝန်ဆောင်မှု ပြန်လည်ရရှိမည့်ရက် အတိအကျကိုမူ မပြောကြားနိုင်သေးပါ။ မိဘပြည်သူများအနေဖြင့် အင်တာနက်လိုင်းမရရှိပါက Router စက်များအား မလိုအပ်ဘဲ ခလုတ်ပိတ်/ဖွင့်ခြင်း၊ Setting များ ပြောင်းလဲခြင်း မပြုလုပ်ကြပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်။ ယခုကဲ့သို့ အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့ရသည့်အတွက် အထူးပင် တောင်းပန်အပ်ပါသည်။

  • ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ချစ်ထူးမြိုင်နှင့် ချစ်လင်းမြိုင် ကျောင်းဆောင်သစ်များ ဖွင့်လှစ်၊ ရေစက်ချနှင့် ဝါဆိုသင်္ကန်းကပ်လှူပွဲ ကျင်းပ

    ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ချစ်ထူးမြိုင်နှင့် ချစ်လင်းမြိုင် ကျောင်းဆောင်သစ်များ ဖွင့်လှစ်၊ ရေစက်ချနှင့် ဝါဆိုသင်္ကန်းကပ်လှူပွဲ ကျင်းပ ကမော့လဲ၊ ဇူလိုင် ၁၂ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကမော့လဲကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၌ အလှူရှင်မိသားစုမှ ဆောက်လုပ်လှူဒါန်းသော ကျောင်းဆောင်သစ်များ ဖွင့်ပွဲ၊ ရေစက်ချအလှူတော်နှင့် ဝါဆိုသင်္ကန်းကပ်လှူပွဲကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားတွင် မတည်အလှူရှင် ဗိုလ်ချုပ်စောချစ်သူနှင့် နန်းခင်လှသူ မိသားစုတို့ ဆောက်လုပ်လှူဒါန်းခဲ့သည့် “ချစ်ထူးမြိုင် ကျောင်းဆောင်သစ်” နှင့် “ချစ်လင်းမြိုင် မူကြိုကျောင်းဆောင်သစ်” တို့ကို အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပြီး၊ အလှူဒါနပြုလုပ်ခြင်းအတွက် ရေစက်ချတရားတော်နာယူခြင်းနှင့် ဝါဆိုသင်္ကန်းကပ်လှူခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ယခုကဲ့သို့ ကျောင်းဆောင်သစ်များ ဆောက်လုပ်လှူဒါန်းပေးခြင်းသည် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက်…

  • ကရင်ယဉ်ကျေးမှုအနုပညာအစည်းအရုံး (K.C.O) ၏ ရေရှည်လုပ်ငန်းစဉ်များအတွက် “ထာဝရရံပုံငွေပဒေသာပင်” စိုက်ထူ၍ စုပေါင်းအင်အားဖြင့် ဝန်းရံ

    ဖားအံ၊ ဇူလိုင် ၁၁ ရက်၊ ကရင်ယဉ်ကျေးမှုနှင့် အနုပညာရပ်များ စဉ်ဆက်မပြတ် ရှင်သန်ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်၍ ကရင်ယဉ်ကျေးမှုအနုပညာအစည်းအရုံး (K.C.O) မှ လုပ်ငန်းစဉ်များအား အရှိန်အဟုန်ဖြင့် ရှေ့ဆက်ဆောင်ရွက်လျက်ရှိသည်။ ယင်းလုပ်ငန်းစဉ်များ ရေရှည်တည်တံ့ခိုင်မြဲပြီး ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်စေရန်အတွက် “ထာဝရရံပုံငွေပဒေသာပင်” ကို စိုက်ထူ၍ ရံပုံငွေရှာဖွေခြင်းလုပ်ငန်းကို အကောင်အထည်ဖော်လျက်ရှိသည်။

  • ကရင်ယဉ်ကျေးမှုအနုပညာအစည်းအရုံး (K.C.O) ၏ ဦးဆောင်နာယက တာကျဝ့် ဆိုဒ်အဲဆိုင်ထံ ဂါရဝပြုလမ်းညွှန်မှုခံယူသည့် ခရီးစဉ်မှတ်တမ်း

    ကရင်ယဉ်ကျေးမှုအနုပညာအစည်းအရုံး (K.C.O) ၏ ဦးဆောင်နာယက တာကျဝ့် ဆိုဒ်အဲဆိုင်ထံ ဂါရဝပြုလမ်းညွှန်မှုခံယူသည့် ခရီးစဉ်မှတ်တမ်း ကရင်ပြည်နယ်၊ ဇူလိုင်က်စွဲ ၁၁ရက် ကရင်ယဉ်ကျေးမှုအနုပညာအစည်းအရုံး (K.C.O) မှ တာဝန်ရှိသူများသည် ကရင်ယဉ်ကျေးမှုနှင့် အနုပညာကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် အဖွဲ့အစည်း၏ ရှေ့လုပ်ငန်းစဉ်များအတွက် ရည်ရွယ်၍ ဦးဆောင်နာယက တာကျဝ့် ဆိုဒ်အဲဆိုင်ထံ သွားရောက်ဂါရဝပြုပြီး လမ်းညွှန်မှုများ ခံယူခဲ့ကြောင်း သိရသည်။ အဆိုပါ ခရီးစဉ်အတွင်း ကရင်ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့ခိုင်မြဲစေရေး၊ မျိုးဆက်သစ်လူငယ်များအကြား ယဉ်ကျေးမှုအသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးနှင့် အဖွဲ့အစည်း၏ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို အလေးထားဆွေးနွေးခဲ့ကြသည်။ ဦးဆောင်နာယက တာကျဝ့် ဆိုဒ်အဲဆိုင်က K.C.O အဖွဲ့ဝင်များ၏ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် အားပေးစကားပြောကြားကာ၊ အနာဂတ်လုပ်ငန်းစဉ်များအတွက် လိုအပ်သည့် လမ်းညွှန်ချက်များနှင့် သြဝါဒများကို ပေးအပ်ခဲ့သည်။

  • နန်းဝင်းဝတီဦး(ခ)မမရေ မွေးနေ့အလှူ မှတ်တမ်းပုံများ

    နန်းဝင်းဝတီဦး(ခ)မမရေ မွေးနေ့အလှူ မှတ်တမ်းပုံများ  

  • ဒုတိယမြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိက၏ သစ္စာအဓိဌာန် ကဗျာ

    #မြိုင်ကြီးငူအထူးဒေသ မြိုင်ကြီးငူ နန်ဦးဘေးမဲ့တောရကျောင်းတိုက် ဦးစီးပဓါန နာယက ဒုတိယ မြိုင်ကြီးငူဆရာတော် (မဟာမင်္ဂလဓမ္မဇောတိကဓဇ) ဘဒ္ဒန္တ ဉာဏိက *သစ္စာအဓိဌာန်* ငါတို့ဖြစ်ရ ဤလောကဝယ် ဘဝသမိုင်း မရိုင်းစေရန် စိတ်မာန်မချ မာနမပါ ဒို့ပြည်ဒို့ရွာ ဒို့သာသနာ သာယာစေမှု လုံ့လပြုအံ့ အများအကျိုး ရွက်သယ်ပိုးကာ မလိုတမာ လူတကာတို့ ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း မရွဲ့မစောင်း ကိုယ့်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ရှေ့ရှုနှင်လော..  

  • ရွှေကုက္ကိုမြိုင်တွင် ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) စင်တာ စတင်ဖွင့်လှစ်၊ ကျောင်းသားသစ်များ စတင်လက်ခံနေ

    ရွှေကုက္ကိုမြိုင်တွင် ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) စင်တာ စတင်ဖွင့်လှစ်၊ ကျောင်းသားသစ်များ စတင်လက်ခံနေ ရွှေကုက္ကိုမြိုင်၊ ဇူလိုင် ၅၊ ၂၀၂၆ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြိုင်၌ ပညာသင်ယူခွင့် အခွင့်အလမ်းနည်းပါးသည့် ကလေးငယ်များအတွက် ရည်ရွယ်၍ ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) စင်တာကို ယနေ့ (ဇူလိုင် ၅ ရက်) တွင် တရားဝင် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ အဆိုပါ NFPE စင်တာသည် ပညာသင်ယူမှု အခွင့်အလမ်း လက်လွတ်နေရသည့် ကလေးငယ်များအတွက် မူလတန်းအဆင့် ပညာရေးကို ပြန်လည်ရရှိစေရန်နှင့် ၎င်းတို့၏ အနာဂတ်ရည်မှန်းချက်များ ရှင်သန်နိုင်စေရန် ရည်ရွယ်၍ တည်ထောင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် စင်တာဖွင့်ပွဲ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်ပြီး၊ ကျောင်းသူ/ကျောင်းသားသစ်များအတွက် သင်ကြားရေးလုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်နေပြီဖြစ်သည်။ ထို့အပြင် ကျောင်းအပ်နှံလိုသည့် ကလေးငယ်များကိုလည်း ဆက်လက်လက်ခံပေးနေကြောင်း…