ကရင်ယဉ်ကျေးမှုအနုပညာအစည်းအရုံး (K.C.O) ၏ ဦးဆောင်နာယက တာကျဝ့် ဆိုဒ်အဲဆိုင်ထံ ဂါရဝပြုလမ်းညွှန်မှုခံယူသည့် ခရီးစဉ်မှတ်တမ်း

ကရင်ပြည်နယ်၊ ဇူလိုင်က်စွဲ ၁၁ရက်

ကရင်ယဉ်ကျေးမှုအနုပညာအစည်းအရုံး (K.C.O) မှ တာဝန်ရှိသူများသည် ကရင်ယဉ်ကျေးမှုနှင့် အနုပညာကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် အဖွဲ့အစည်း၏ ရှေ့လုပ်ငန်းစဉ်များအတွက် ရည်ရွယ်၍ ဦးဆောင်နာယက တာကျဝ့် ဆိုဒ်အဲဆိုင်ထံ သွားရောက်ဂါရဝပြုပြီး လမ်းညွှန်မှုများ ခံယူခဲ့ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်အတွင်း ကရင်ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့ခိုင်မြဲစေရေး၊ မျိုးဆက်သစ်လူငယ်များအကြား ယဉ်ကျေးမှုအသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးနှင့် အဖွဲ့အစည်း၏ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို အလေးထားဆွေးနွေးခဲ့ကြသည်။

ဦးဆောင်နာယက တာကျဝ့် ဆိုဒ်အဲဆိုင်က K.C.O အဖွဲ့ဝင်များ၏ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် အားပေးစကားပြောကြားကာ၊ အနာဂတ်လုပ်ငန်းစဉ်များအတွက် လိုအပ်သည့် လမ်းညွှန်ချက်များနှင့် သြဝါဒများကို ပေးအပ်ခဲ့သည်။


Leave a Reply

Your email address will not be published. Required fields are marked *