ရွှေကုက္ကိုလ်မြိုင် ရွှေပြည်အေးကျောင်းတိုက်၌ စာချ၊ စာသင်သံဃာတော်များအား နဝကမ္မနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း

ရွှေကုက္ကိုလ်၊ ဇူလိုင် ၁၄ ရက်

၁၃၈၈ ခုနှစ်၊ ပထမဝါဆိုလဆုတ် (၁၄) ရက်၊ တနင်္လာနေ့တွင် ရွှေကုက္ကိုလ်မြိုင်ရှိ ရွှေပြည်အေးကျောင်း အခြေခံပရိယတ္တိစာသင်တိုက်၌ ပညာသင်ကြားနေကြသော ဆရာတော်၊ စာချနှင့် စာသင်သံဃာတော်များအား အလှူရှင် ဒေါ်ဥမ္မာနှင့် မိသားစုတို့က လာရောက်၍ လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကုသိုလ်ကောင်းမှုအဖြစ် အလှူရှင်မိသားစုမှ သံဃာတော်များအား အချိုရည်နှင့် နဝကမ္မဝတ္ထုငွေများအား ရိုသေစွာ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယခုကဲ့သို့ လှူဒါန်းရသည့် ကုသိုလ်အကျိုးအားဖြင့် အလှူရှင်မိသားစုနှင့်တကွ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်းတို့ ဘေးရန်ကင်းကွာ၍ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာဖြင့် လိုရာဆန္ဒများ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။


Leave a Reply

Your email address will not be published. Required fields are marked *