-
ကရင်တိုင်းရင်းသူများ ကရင်ဘာသာဖြင့် နတ်ပို့ခြင်း
-
“ကြည်နူးပီတိ မေတ္တာစမ်းရေဆမ်းပက်သလို အေးချမ်းရတဲ့ နေ့မြတ်တစ်နေ့”
-
ရွှေကုက္ကိုလ်တွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို KNA မီးရှို့ဖျက်ဆီး မြဝတီ၊ ဇွန် ၂၇ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ရွှေကုက္ကိုလ်ဒေသတွင် ဖမ်းဆီးရမိထားသော မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများကို ကရင်အမျိုးသားတပ်မတော် (KNA) က ဇွန်လ ၂၆ ရက် ယနေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ယနေ့ကျရောက်သည့် (၃၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဖမ်းဆီးရမိထားသော မှုးယစ်ဆေးဝါးများကို အများပြည်သူရှေ့မှောက်တွင် ယခုကဲ့သို့ ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးခြင်း အခမ်းအနားကို ကရင်အမျိုးသားတပ်မတော် (KNA) မှ ဗိုလ်ချုပ်စောချစ်သူနှင့် ဗိုလ်မှူးချုပ် မောင်ဝင်းတို့က ဦးဆောင်၍ ရွှေကုက္ကိုလ်ဒေသ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
-
လှိုင်းဘွဲမြို့နယ်၊ပိုင်ကျုံမြို့၊အထက(ခွဲ)၊ပညာပါရမီချစ်သူနှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနား— ။25-6-2026
-
မိုးပျံပူဖောင်းများဖြင့် ဝေဝေဆာဆာ ဖွင့်လှစ်လိုက်သည့် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနား
-
မြဝတီတွင် ဘတ်ငွေအတု သိန်းနှင့်ချီသုံးစွဲသူ နှစ်ဦးကို KNA ဖမ်းဆီးပြီး ရဲစခန်းသို့ လွှဲပြောင်း ဇွန်လ ၂၂ ရက် ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ထိုင်းဘတ်ငွေအတု သိန်းနှင့်ချီ သုံးစွဲနေသူ နှစ်ဦးကို ကရင်အမျိုးသားတပ်မတော် (KNA) က ဖမ်းဆီးရမိခဲ့ပြီး မြဝတီမြို့မရဲစခန်းသို့ လွှဲပြောင်းအပ်နှံလိုက်ကြောင်း သိရသည်။ ဘတ် ၁,၀၀၀ တန် ငွေစက္ကူအတု စုစုပေါင်း ၄ သိန်း ၉ သောင်းနှင့်အတူ အဆိုပါ အမျိုးသားနှစ်ဦးကို KNA မှ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်နှင့် အဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် တရားဥပဒေအရ အရေးယူနိုင်ရန် ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဘတ်ငွေအတုများသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံတစ်ခုမှတစ်ဆင့် စုစုပေါင်း ဘတ် ၁၀ သိန်းခန့် တင်သွင်းလာခြင်းဖြစ်ကြောင်း…
-
၂၀၂၆-၂၀၂၇ ပညာသင်နှစ် ရွှေကုက္ကိုမြိုင် ဓမ္မစကူးလ် ယနေ့ဖွင့်ပွဲ ဓါတ်ပုံမြင်ကွင်းများ
-
ရွှေကုက္ကိုမြိုင် လမ်းဘေးကားပါကင်ယာဉ်စည်းကမ်းချက်များ ၁။ လမ်းမပေါ်တွင် ယာဉ်များကို အချိန်ကြာမြင့်စွာ ရပ်နားခြင်းမပြုရန်။ ၂။ လမ်းမပေါ်တွင် ယာဉ်များကို လက်ဝဲနှင့်လက်ယာ တစ်တန်းတည်းယှဉ်၍ ရပ်နားခြင်းမပြုရန်။ ၃။ လမ်းမပေါ်တွင် ယာဉ်နှစ်စီးထပ်၍ရပ်နားခြင်းမပြုရန်။ ၄။ လမ်းဘေးရှိယာဉ်များ ကားပါကင်ခွန်ဆောင်ထားခြင်းမရှိပါက တစ်နာရီနှင့်အထက်ရပ်နားခြင်း၊ ညအိပ်ရပ်နားခြင်း မပြုရန်။ ၅။ ကားအဝင်အထွက်ရှိသော ခြံရှေ့နှင့်ဆိုင်ရှေ့များတွင် ရပ်နားခြင်းမပြုရန်။ ၆။ လမ်းမပေါ်တွင် ယာဉ်ပြောင်းပြန်ရပ်နားခြင်းနှင့်မောင်းနှင်ခြင်း မပြုရန်။ ၇။ ကားရပ်ထားမှု အချိန်ကိုအတိအကျမသိပါက ယာဥ်းမောင်းအမည်နှင့် ဖုန်းနံပါတ်ကို ကားခေါင်းပေါ်တွင် မြင်သာအောင်ထားပေးပါ။ အထက်ပါချမှတ်ထားသောစည်းကမ်းချက်များကို မလိုက်နာပါက အရေးယူခြင်းခံရမည်။
-
မြိုင်ကြီးငူအထူးဒေသ စုံနံ့သာမြိုင်ဆွေမြို့တော် သာသနာ့ ဥယျာဥ်ခြံ နှစ်ထပ်ကျောင်းတော်ကြီး၌ ကုလဝံသရက္ခိတနှင့် ဓမ္မစကူးသင်တန်းဖွင့်လှစ်နိုင်ရန် အစည်းအဝေး အခမ်းအနား (ဓါတ်ပုံသတင်း) 19.6.2026









