(၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်)
(၂၇) ကြိမ်မြောက် ရွှေကုက္ကိုမြိုင် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ ပွဲတော်အထိမ်းအမှတ်အဖြစ် စတုတ္ထကြိမ်မြောက် ကရင်ရိုးရာအလှ ဓာတ်ပုံပြိုင်ပွဲကို အွန်လိုင်းမှတစ်ဆင့် စတင်ကျင်းပလျက်ရှိသည်။
အဆိုပါ ဓာတ်ပုံပြိုင်ပွဲ၏ တစ်ကိုယ်တော် အမျိုးသမီး အလှဓာတ်ပုံပြိုင်ပွဲ ကဏ္ဍတွင် ပြိုင်ပွဲဝင် အမှတ်စဉ် (၅) အဖြစ် မော်ဒယ် နန်းနဒီထက်က ပါဝင်ယှဉ်ပြိုင်ထားသည်။ ၎င်း၏ ပြိုင်ပွဲဝင် ဓာတ်ပုံများကို ရိုက်ကူးသူမှာ အမေ ဖြစ်ပြီး IPhone 17ProMax ဖုန်းဖြင့် “ချစ်သူမေတ္တာ ပန်းခြံ” တွင် ရိုက်ကူးပုံဖော်ထားခြင်း ဖြစ်သည်။
အဆိုပါ ကရင်ရိုးရာ အလှဓာတ်ပုံပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေသည့် ပြိုင်ပွဲဝင်များကို မိမိတို့ နှစ်သက်သည့် တုံ့ပြန်မှု (React) များ ပေးပို့ကာ အားပေးဝန်းရံနိုင်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *