ဗိုလ်မှူးစောချစ်ချစ်နှင့် ရဲဘော်များ ကျဆုံးသွားကြသည့် တပည့်များအတွက် ရည်စူး၍ ဆွမ်းနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း

ဩဂုတ် ၅၊ ၂၀၂၆

 

ကျဆုံးသွားခဲ့ကြသည့် တပည့်များအား ရည်စူး၍ ဗိုလ်မှူးစောချစ်ချစ်နှင့် ရဲဘော်များက သံဃာတော်အရှင်သူမြတ်များထံသို့ ဆွမ်းနှင့် နဝကမ္မဝတ္ထုအလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကုသိုလ်ကောင်းမှုများနှင့် ပတ်သက်၍ သံဃာတော်များရှေ့မှောက်တွင် ရေစက်သွန်းချ အမျှအတန်းပေးဝေခဲ့ကြပြီး၊ ကျဆုံးသွားကြသော တပည့်များအနေဖြင့် ပြုပြုသမျှ ကုသိုလ်အစုစုတို့ကို သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြကာ ကောင်းရာသုဂတိဘုံဘဝသို့ ရောက်ရှိကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သခဲ့ကြသည်။

 


Leave a Reply

Your email address will not be published. Required fields are marked *